အမေရိကန် ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် နှင်းမုန်တိုင်းများဆက်လက်ပြင်းထန်နေသောကြောင့် အိမ်သုံးလျှပ်စစ်မီးများပြတ်တောက်

(GMT+08:00)2023-02-27 15:35:46  

ယခုရက်များတွင် အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားတောင်ပိုင်းဒေသတွင် နှင်းမုန်တိုင်းများ ဖြတ်ကျော်ဝင်ရောက်ခဲ့သောကြောင့် ကြီးမားသည့်ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေခဲ့ပြီးလူပေါင်း၁သိန်း၂သောင်းကျော်၏ အိမ်သုံး လျှပ်စစ်မီးများပြတ်တောက်ခဲ့ရပါသည်။၎င်းဒေသအားနေရောင်ခြည် မြို့လို့ခေါ်ဆိုကြပြီးလွန်ခဲ့သည့်နှစ်များတွင်ဖေဖော်ဝါရီလနှင့် မတ်လတွေဆို နွေးထွေးသော နွေဦးရာသီရောက်ရှိလာသော်လည်းယခုနှစ်တွင် မိုးနှင့် နှင်းကျခြင်းဖြစ်လာ၍ လူအများကယင်းရှားပါးသောရာသီဥတုအပေါ် စိတ်လှုပ်ရှားနေကြပါသည်။