လုံဟူရှန်တောင် ရှုခင်းသာနေရာတွင် ရေပေါ် နဂါးအကကပြပြီးဆုတောင်းမေတ္တာပို့သ

(GMT+08:00)2023-02-27 10:50:08  

ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံကျန်းရှီးပြည်နယ် လုံဟူရှန်တောင် ရှုခင်းသာနေရာတွင် အိုးစည်ဗုံမောင်းသံများနှင့်အတူရိုးရာရေပေါ် နဂါးအကကပြပြီး ခရီးသွားများအား ဆုမွန်ကောင်းတောင်းပေးပါသည်။

တိမ်များနှင့် မြူခိုးများဝန်းရံထားသောလုံဟူရှန်တောင် ရှုခင်းသာနေရာ၌ ဝါးဖောင် ၃၀ ကျော်နှင့်နဂါးအကကိုစည်ကားသိုက်မြိုက်စွာကပြဖျော်ဖြေပြီးထူးခြားသည့် ရသတစ်မျိုး ပေးစွမ်းကာ ခရီးသွားအမြောက်အများအားကြည့်ရှုရန် ဆွဲဆောင်နေပါသည်။