ရှင်းကျန်း ရှေးခေတ် Gaotai မှ သစ်သားလှည်းများ နှင့် အရိုးဖြင့် ပြုလုပ်သော ရေခဲပြင် လျှောစီးဖိနပ်များ တူးဖော်တွေ့ရှိ

(GMT+08:00)2023-02-27 10:17:50  

ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ Nilkaခရိုင် ကျီးရင်းထိုင်းကိုခို ရှေးဟောင်း နေရာ၏ ကျန်နေသေးသည့် Gaotai နေရာမှ သစ်သားလှည်းဘီးနှင့် အစိတ်အပိုင်းများကို တူးဖော်တွေ့ရှိခဲ့ကြောင်း၊ ယင်းသည် တရုတ်ပြည်တွင်း၌ ရှေးအကျဆုံး၊ အကြီးဆုံး၊ အကောင်းဆုံး ကာကွယ်ထိန်းသိမ်းထားသော သစ်သားလှည်းဘီးများဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ရှေးဟောင်းနေရာမှ တူးဖော်တွေ့ရှိရသောအရိုးဖြင့် ပြုလုပ်သော ရေခဲပြင် လျှောစီးဖိနပ်များသည်လည်း တရုတ်ပြည်တွင်း ပထမဆုံးအကြိမ် တွေ့ရှိခြင်းဖြစ်ကြောင်း ၂၀၂၂ခုနှစ် ရှင်းကျန်း ရှေးဟောင်းသုတေသနလုပ်ငန်း အစီရင်ခံ တင်ပြခြင်း အစည်းအဝေးမှ သတင်းအရ သိရပါသည်။