ကန် ဓါတုပစ္စည်းပါရထား လမ်းချော်မှုကြောင့် အနီးရှိမြစ်ထဲတွင် “ရောင်စုံပစ္စည်းများ” မျောနေ

(GMT+08:00)2023-02-27 10:18:19  

ဖေဖော်ဝါရီလ ၂၅ရက်နေ့က အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် အရှေ့ပါလက်စတိုင်းမြို့၌ အဆိပ်အတောက်ဖြစ်စေသော ဓါတုပစ္စည်းများသည် Leslieမြစ်ရေပေါ်မျောနေပါသည်။ ဖေဖော်ဝါရီလ ၃ရက်နေ့က အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် အရှေ့ပါလက်စတိုင်းမြို့၌ ရထားလမ်းချော်ခဲ့ပြီး vinyl chloride အပါအဝင် အဆိပ်အတောက်ဖြစ်စေသော ဓါတုပစ္စည်းများ ယိုစိမ့်ခဲ့သည့်အတွက် တိရစ္ဆာန် ကောင်ရေ ၄သောင်း ၄ထောင်နီးပါး သေဆုံး၍ မတော်တဆမှုဖြစ်ပွားရာနေရာအနီး၌ နေထိုင်ကြသော လူတွေမှာလည်း ကိုယ်လက်မအီမသာ လက္ခဏာများ ဖြစ်ပေါ်ခဲ့ပါသည်။