အီတလီ ပင်လယ်ကမ်းရိုးတန်းအနီး သင်္ဘောတစ်စင်း နစ်မြုပ်ကာ လူ ၅၈ ဦးထက်မနည်း သေဆုံး

(GMT+08:00)2023-02-27 15:33:45  

ဒေသစံတော်ချိန် ၂၆ ရက်နေ့ အစောပိုင်းက ရွှေ့ပြောင်းနေထိုင်သူများ ပါသော သင်္ဘောတစ်စင်းသည် အီတလီ တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်း အနီးတဝိုက်တွင် ကျောက်ဆောင်ကို တိုက်မိကာ နစ်မြုပ်ပြီး လက်ရှိအချိန်အထိလူပေါင်း ၈၀ ကိုကယ်ဆယ်နိုင်ခဲ့ကာ အမျိုးသမီးနှင့် ကလေးများအပါအဝင် လူ ၅၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းအရသိရပါသည်။

အဆိုပါ သင်္ဘောနစ်မြုပ်မှုသည် Calabria ဒေသ အရှေ့ပိုင်း ပင်လယ်ကမ်းရိုးတန်းရှိ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းတစ်ခုအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ယင်းသင်္ဘောသည်  မကြာခင်ရက်များက တူရကီနိုင်ငံမှ ထွက်ခွာလာတာဖြစ်ပြီး သင်္ဘောပေါ်မှာ အီရန်နှင့် အာဖဂန်နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများဖြစ်ကြောင်း၊ လူဦးရေစုစုပေါင်း ၁၄၀ မှ ၁၅၀ အထိရှိသည်ဟု အသက်ရှင်ကျန်ရစ်သူက ပြောဆိုကြောင်း ရိုက်တာသတင်းဌာနမှ သတင်းအရသိရပါသည်။