ဘရာဇီးနိုင်ငံ Sao Paulo ပြည်နယ်တွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူဦးရေ ၆၄ဦး အထိ မြင့်တက်

(GMT+08:00)2023-02-27 15:34:23  

ဘရာဇီးနိုင်ငံ Sao Paulo ပြည်နယ်အစိုးရမှ ထုတ်ပြန်သောစာရင်းအရဖေဖော်ဝါရီလ၂၆ ရက်နေ့ နံနက်ပိုင်းအထိ ၄င်းပြည်နယ်၏ ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းသောကြောင့် လူ ၆၄ ဦးသေဆုံးခဲ့ပြီး ၄၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်းသိရပါသည်။ ပြည်သူ့ကာကွယ်ရေးဌာနကလက်ရှိအချိန်တွင်လူတစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်းဖော်ပြခဲ့ပါသည်။

ထို့အပြင် အချို့ဒေသများတွင်အိမ်ခန်းများသည် ပြိုကျနိုင်သည့်အန္တရာယ်ရှိနေဆဲဖြစ်သောကြောင့်ကယ်ဆယ်ရေးသမားများကရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့်အပြင်ဒေသခံများအားယခုအချိန်တွင် ၄င်းတို့၏ နေအိမ်များသို့ မပြန်ကြရန် အသိပေးကြေညာထားပါသည်။