အကြိမ်၂၀မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ဘေကျင်းမြို့တွင် ကျင်းပ

(GMT+08:00)2023-02-27 09:57:35  

အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၆ရက်နေ့ ညနေပိုင်းက ဘေကျင်း မြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ဗဟို ကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကိုယ်စား အစည်းအဝေးထံသို့ လုပ်ငန်းအစီရင်ခံစာ တင်ပြခဲ့ပါသည်။ ယခုအကြိမ် အစည်းအဝေးတွင် ပါတီနှင့်နိုင်ငံ အဖွဲ့အစည်းများ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အဆိုပြုချက်မူကြမ်း၊ ဗဟို ကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့မှ ၁၄ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေးထံသို့ အကြံပြု တင်ပြမည့် နိုင်ငံအဖွဲ့အစည်း ခေါင်းဆောင်များ အဖြစ် အရွေးခံရန် ပုဂ္ဂိုလ်များ အမည်စာရင်းနှင့် ၁၄ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ပထမ အကြိမ်အစည်းအဝေးထံသို့ အကြံပြုတင်ပြမည့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီခေါင်းဆောင်များ အဖြစ် အရွေးခံရန် ပုဂ္ဂိုလ်များ အမည်စာရင်းကို စိစစ်မည် ဖြစ်ပါသည်။