သောင်းနှင့်ချီသော ဂျာမဏီပြည်သူများ ဆန္ဒပြ

(GMT+08:00)2023-02-26 16:33:39  

ဖေဖော်ဝါရီလ ၂၅ရက်နေ့က ဂျာမဏီနိုင်ငံ ဘာလင်မြို့တော်တွင် ကြီးမားသော ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါသည်။ ဂျာမဏီပြည်သူ ၅သောင်းကျော်တို့ သည် ဘရန်ဒန်ဘာ့ဂ်ဂိတ်ရှေ့တွင်စုဝေးပြီး “ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပ”၊ “သံတမန်ရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းပြီး လက်နက်များ ထောက်ပံ့ရန် ဆန့်ကျင်” ဟူသော စာတန်းများကို ကိုင်ဆောင်ကာ အနောက်တိုင်းနိုင်ငံများ ယူကရိန်းနိုင်ငံသို့ လက်နက်များ ထောက်ပံ့ပေးရန် ဆန့်ကျင်ပြီး ဒေသတွင်း အငြင်းပွားမှုများကို ငြိမ်းချမ်းစွာကိုင်တွယ်ဖြေရှင်းရန် တောင်းဆိုခဲ့ကြပါသည်။

၎င်းဆန္ဒပြပွဲကို “ငြိမ်းချမ်းရေးကြေညာစာတမ်း”အသနားခံစာ အစပြုသူ ဂျာမဏီ Die Linke ပါတီမှ နိုင်ငံရေးသမား Sahra Wagenknecht နှင့် နာမည်ကျော်စာရေးဆရာ Schwarzer တို့ ပူးပေါင်းခေါ်ယူကျင်းပခြင်း ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၀ရက်နေ့က အသနားခံစာကို စတင်ထုတ်ပြန်ပြီးနောက် လူ၆သိန်း ကျော်တို့သည် အသနားခံစာတွင် လက်မှတ်ရေးထိုးခဲ့ကြသလို ဆက်လက်ပြီးလည်း  လက်မှတ် ရေးထိုးသူဦးရေ တိုးလာနေကြောင်းသိရပါသည်။