ယူကရိန်းအား ကန်မှ စစ်ရေးထောက်ပံ့မှု ပမာဏမှာ ကန်ဒေါ်လာ ဘီလီယံ ၅၀အထိ ရှိမည်ဟု ရုရှားဆို

(GMT+08:00)2023-02-26 16:32:10  

ရုရှား ပြည်ထောင်စု လုံခြုံရေး ကွန်ဖရင့် ဒုဥက္ကဋ္ဌ မယ်ဒဗယ်ဒယ်ဗ်က ဆောင်းပါး တစ်ပုဒ်ကို ရေးသားရာတွင် တိုတောင်းသော အနာဂတ်၌ အမေရိကန်မှ ယူကရိန်းအား စစ်ရေးထောက်ပံ့မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ အထိ ရှိမည် ဖြစ်ကြောင်း ရေးသားခဲ့သည်ဟု ယခုလ ၂၅ရက်နေ့က ရုရှား မီဒီယာမှာ ရေးသား ဖော်ပြပါသည်။

၎င်းက အနောက်တိုင်း နိုင်ငံများသည် ယူကရိန်းကို အသုံးပြုပြီး ရုရှားကို အားနည်းစေရန် မျှော်လင့်ကြောင်း၊ ယင်းအတွက် ရရာနည်းဖြင့် လုပ်တတ်ကြောင်း၊ ၄င်းတို့သည် ပဋိပက္ခတွင် ဒုက္ခခံရသော ယူကရိန်း သာမန် ပြည်သူများနှင့် ဥရောပ ပြည်သူများ အပေါ် လုံးဝ ဂရုမစိုက်ကြောင်း ဖော်ပြပါသည်။