Panagbenga Flower Festival တွင် Hip-Hop ချီတက်ပွဲ ကျင်းပ

(GMT+08:00)2023-02-26 16:33:15  

ဖေဖော်ဝါရီလ ၂၅ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း Baguio မြို့တွင် အကကသူများသည် Hip-Hop ချီတက်ပွဲတွင် ပါဝင်ဆင်နွှဲနေကြပါသည်။ တစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိသော Panagbenga Flower Festival တွင် ဒေသတွင်းထူးခြားမှုများနဲ့ Hip-Hop ချီတက်ပွဲနှင့် ပြိုင်ပွဲများကို ကျင်းပခဲ့ရာ သောင်းနှင့်ချီသော မြို့သူမြို့သားများနှင့် ခရီးသည်များကို ကြည့်ရှုရန်ဆွဲဆောင်ခဲ့ပါသည်။ Panagbenga Flower Festival ကို ၁၉၉၆ခုနှစ်က စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး Panagbenga ဆိုသည်မှာ ပန်းပွင့်ရာသီချိန် ဟူသော အဓိပ္ပါယ်ရှိပါသည်။ နွေဦးရာသီကို ကြိုဆိုရန်အတွက် Panagbenga Flower Festival ကို နှစ်စဉ် ဖေဖော်ဝါရီလဆန်းမှ စတင်ကာ ၁လကျော်ကြာ ကျင်းပကြပါသည်။