G20ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေး ကျင်းပပြီးစီး

(GMT+08:00)2023-02-26 16:31:52  

အိန္ဒိယ နိုင်ငံ တောင်ပိုင်း Bangaloreမြို့တွင် G20ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေ်း ၂ရက်ကြာ ကျင်းပပြီး ယခုလ ၂၅ရက်နေ့က ပြီးဆုံးခဲ့ပါသည်။ အစည်းအဝေး ကျင်းပစဉ် အတွင်း ကမ္ဘာ့ ငွေကြေး ဖွဲ့စည်းပုံ၊ ငွေကြေးလုပ်ငန်း ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ အဆောက်အအုံနှင့် ငွေကြေး ကဏ္ဍစသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

ထိုနေ့တွင် G20အလှည့်ကျ သဘာပတိ နိုင်ငံ အနေနှင့် အိန္ဒိယ နိုင်ငံ  ထုတ်ပြန်ခဲ့သော ကြေညာချက်၌ ကမ္ဘာ့ နိုင်ငံ အသီးသီးတို့သည် ကြွေးမြီ လုံခြုံရေး အဆင့်အတန်း အားနည်းခြင်း ပြဿနာကို အရှိန်မြှင့် ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း၊ လက်ရှိတွင် ကမ္ဘာ့ စီးပွားရေး ရှေ့အလားအလာ အနည်းငယ် ကောင်းမွန်လာသော်လည်း ကျဆင်းမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသေးကြောင်း၊ အထူးသဖြင့် ငွေကြေးဖောင်းပွမှု ဆိုင်ရာ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရကြောင်း၊ နိုင်ငံ အသီးသီးတို့ အနေနှင့် ဆင်ခြင်သော စီးပွားရေး မူဝါဒကို ချမှတ်ရန် လိုအပ်နေသေးကြောင်း ဖော်ပြခဲ့ပါသည်။