အဖေဖြစ်သူက သားကို ဘီးတပ်ကုလားထိုင်နဲ့ ၅၆ ကြိမ်မြောက် မာရသွန်ပြိုင်ပွဲဝင်ရန် အားပေး

(GMT+08:00)2023-02-25 14:52:21  

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အသက် ၄၅ နှစ်အရွယ် လိုရှူးကျန်း(Luo Shujian)နဲ့ ဦးနှောက်ချို့ယွင်းနေတဲ့ သားဖြစ်သူ လျောင်ဘယ်(Xiao Bai)တို့ဟာ  ရှင်းကျင့်မြို့တွင် ၄င်းသားအဖတို့၏ ၅၆ကြိမ်မြောက် မာရသွန်ပြိုင်ပွဲကို ဘီးတပ်ကုလားထိုင်နဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက လိုရှူးကျန်းဟာ သားဖြစ်သူ လျောင်ဘယ်နဲ့အတူ ပြည်တွင်းမြို့ပေါင်း ၂၀ ကျော်မှာ ကျင်းပခဲ့တဲ့ မာရသွန်ပြိုင်ပွဲတွေကို အတူတူယှဉ်ပြိုင်ခဲ့ကြပါသည်။