ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေး ဆိုင်ရာ တရုတ်ပြည်၏ ရပ်တည်ချက် စာတမ်းနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဖော်ပြချက်

(GMT+08:00)2023-02-25 16:20:51  

   တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်းက ယခုလ ၂၄ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေး ဆိုင်ရာ တရုတ်ပြည်မှ ထုတ်ပြန်ခဲ့သည့် ရပ်တည်ချက် စာတမ်းနှင့် ပတ်သက်၍ မိတ်ဆက်ပြောကြားရာတွင် တရုတ်ပြည် အနေနှင့် ယူကရိန်း ပြဿနာနှင့် ပတ်သက်၍ ပကတိ အတိုင်း တရားမျှတသော သဘောထား ရပ်တည်ချက်ကို အမြဲတစေ စွဲကိုင်ပြီး ငြိမ်းချမ်းရေး ပြန်လည် ရရှိရေး အတွက် ဆွေးနွေးပွဲ ကျင်းပရန် တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်ကာ ယူကရိန်း အကျပ်အတည်းကို ဖြေရှင်းရေး အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။