အမိနိုင်ငံသို့ ပြန်လာသည့် ပန်ဒါဝက်ဝံ ယွန်မင်နှင့် သမီးအမွှာများ

(GMT+08:00)2023-02-25 14:53:02  

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဂျပန်နိုင်ငံမှာ နေထိုင်သည့် ပန်ဒါဝက်ဝံ ယွန်မင်နှင့် အမွှာပန်ဒါငယ်လေးများသည် All Nippon Airways ၏ စင်းလုံးငှားလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ပန်ဒါဝက်ဝံမွေးမြူခြင်းဆိုင်ရာ ချန်ဒူးသုတေသနအခြေစိုက်စခန်းကို ပို့ဆောင်ပေးခဲ့ပါသည်။ ပန်ဒါဝက်ဝံယွန်မင်ကို ၁၉၉၂ ခုနှစ် စက်တင်ဘာလတွင် မွေးဖွားခဲ့ပြီး လက်ရှိ အသက် ၃၀ပြည့်ပြီဖြစ်ပါသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် ဒုတိယအသက်အကြီးဆုံး မွေးမြူထားသော ပန်ဒါဝက်ဝံ အထီးဖြစ်ပါသည်။