မွန်ဂိုးလီးယား သမ္မတသည် CMGမှ အင်တာဗျူးကို လက်ခံဖြေကြား

(GMT+08:00)2023-02-25 11:59:34  

တရုတ်နှင့် မွန်ဂိုးလီးယား နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်နေပြီး နှစ်နိုင်ငံ အကြား ကီလိုမီတာ ၄၇၀၀ ရှည်လျားသည့် နယ်နိမိတ် ရှိ၍ အိမ်နီးချင်းကောင်း ဖြစ်ပါသည်။ ၂၀၁၄ခုနှစ်က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မွန်ဂိုးလီးယား နိုင်ငံတွင် ခရီးလှည့်လည်ရာ၌ ဆွေမျိုးသည် ကူးလူးဆက်ဆံလေလေ၊ ဆက်ဆံမှု ကောင်းမွန်လေလေ။ မိတ်ဆွေသည် ပေါင်းသင်း ဆက်ဆံလေလေ၊ ချစ်ကြည်ရေး နက်ရှိုင်းလေလေ ဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါသည်။ ၂၀၂၀ပြည့်နှစ်တွင် နှစ်နိုင်ငံသည် “ဆိတ်နှင့်လက်ဖက်အပြန်အလှန်ပေးအပ်ခြင်း” ဂုဏ်သတင်းကို မွှေးပျံ့စေခဲ့ပါသည်။ မွန်ဂိုးလီးယား နိုင်ငံ သမ္မတ Ukhnaagiin Khurelsuhသည် ၄င်း၏ အိပ်မက်၊ မွန်ဂိုးလီးယားနိုင်ငံ၏ အိပ်မက်နှင့် ကမ္ဘ့၏ အိပ်မက်ကို အကောင်အထည် ဖော်ဆောင်ရန် အတွက် တရုတ်ပြည်နှင့် လက်တွဲပြီး ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို အတူတည်ဆောက်နေကြပါသည်။

နှစ်နိုင်ငံ အကြား ထိပ်သီးခေါင်းဆောင် သံတမန်ရေးသည် ချစ်ကြည်ရေး အစဉ်အလာကို ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရန် မည်သို့ ဆောင်ရွက်မည်နည်း၊ အနာဂတ်တွင် တရုတ်နှင့် မွန်ဂိုးလီးယား နှစ်နိုင်ငံတို့သည် ဖွံ့ဖြိုးတိုးတက်ရေး အိပ်မက်ကို အကောင်အထည် ဖော်ဆောင်ရန် မည်သို့ လက်တွဲ ဆောင်ရွက်မည်နည်း။ ယင်းများနှင့် ပတ်သက်၍ မကြာခင်က သမ္မတ Ukhnaagiin Khurelsuhသည် China Media Group“LEADERS TALK” အစီအစဉ်မှ အင်တာဗျူးကို လက်ခံဖြေကြားခဲ့ပါသည်။