ရှီကျင့်ဖိန်နှင့် ဇနီးတို့သည် ကမ္ဘောဒီးယားဘုရင်Sihamoni ၊ မယ်တော် Monalieနှင့်တွေ့ဆုံ

(GMT+08:00)2023-02-24 17:27:32  

ယခုလ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် ဇနီးဖုန်လိယွမ်တို့သည် ဘေကျင်းမြို့တျောက်ယူထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ ကမ္ဘောဒီးယားဘုရင်Sihamoni ၊ မယ်တော် Monalieနှင့်ခင်မင်ရင်းနှီးစွာတွေ့ဆုံဆွေးနွေးခဲ့ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

ရှီကျင့်ဖိန်ကတရုတ်နှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံသံတမန် ဆက်ဆံရေးထားရှိခဲ့သည့် ၆၅ နှစ်အတွင်းနိုင်ငံတကာအခြေအနေမည်သို့ပင် ပြောင်းလဲစေကာမူနှစ်နိုင်ငံချစ်ကြည်ရေးသည် အစဉ်တစိုက် ခိုင်ခံ့ပြီးနှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံတကာဆက်ဆံရေး၏ စံနမူနာ ဖြစ်လာပြီ ဖြစ်ကြောင်း၊ မိမိတို့သည် တရုတ်နှင့် ကမ္ဘာဒီးယားချစ်ကြည်ရေးလက်ဆင့်ကမ်းတာကိုဆက်ခံပြီးတရုတ်နှင့် ကမ္ဘောဒီးယားချစ်ကြည်ရေးကိုဘိုးစဉ်မြေးဆက် ဆက်ခံစေကာနှစ်နိုင်ငံကံကြမ္မာတူအသိုက်အဝန်း၏ အခန်းကဏ္ဍသစ်ကိုဖွင့်လှစ်မည် ဖြစ်ကြောင်းပြောကြားပါသည်။

ဘုရင်Sihamoni နှင့်မယ်တော် Monalieတို့ကကမ္ဘာဒီးယားနှင့် တရုတ် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးထားရှိခဲ့သည့် ၆၅ နှစ်ပြည့်မြောက်ခြင်းကိုအခွင့်ကောင်းအဖြစ် ထားပြီးတရုတ်နိုင်ငံနှင့် နယ်ပယ်အသီးသီးမှ ချစ်ကြည်မှု ကူးလူးဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိုနက်ရှိုင်းစေကာနှစ်နိုင်ငံအကြားချစ်ကြည်ရေးအစဉ်အလာကိုဘိုးစဉ်မြေးဆက် ဆက်ခံလာအောင် ကြိုးပမ်းလိုပါကြောင်းပြောကြားပါသည်။