Nord Stream ဖြစ်ရပ်ကို ပကတိကျကျ တရားမျှတစွာ စုံစမ်းစစ်ဆေးရန် လိုအပ်

(GMT+08:00)2023-02-24 15:36:05  

ရုရှားနိုင်ငံရဲ့ တောင်းဆိုချက်အရ မကြာခင်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက Nord Stream  သဘာဝဓါတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အိုးပင်း အချေအတင် ဆွေးနွေးပွဲကို ကျင်းပကာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ အသီးသီးတို့က သဘောထား ရပ်တည်ချက်တွေကို ရှင်းလင်းဖေါ်ပြခဲ့ကြပါတယ်။ တရုတ်နိုင်ငံက Nord Stream ဖြစ်ရပ်ကို ပကတိကျကျ တရားမျှတစွာ သီးခြား စုံးစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ဟာ နိုင်ငံအားလုံးရဲ့ အကျိုးစီးပွား၊ အာရုံစိုက်ချက်တွေနဲ့ တိုက်ရိုက် ဆက်စပ်နေကြောင်း၊ စုံစမ်းစစ်ဆေးမှုကို ပိုမို မြန်ဆန်စွာ ပြုလုပ်ဖို့ ထောက်ခံပြီး ဖြစ်ရပ်မှန်ကို လျင်မြန်စွာ စုံစမ်း ဖော်ထုတ်ရမှာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ လကုန်ပိုင်းမှာ ရုရှားက ဂျာမနီအား သဘာဝဓါတ်ငွေ့ကို ပို့လွှတ်တဲ့ Nord Stream 1 နဲ့ Nord Stream 2 ပိုက်လိုင်းဟာ  ဆွီဒင်နဲ့ ဒိန်းမတ် အနီး ပင်လယ်ပြင်ရှိ နေရာလေးခုမှာ ယိုစိမ့်မှု ပေါ်ထွက်ခဲ့တယ်။ လူအများက အဲဒါဟာ တမင် ဖျက်ဆီးမှု လုပ်ရပ် ဖြစ်တယ်လို့ ယူဆကြတယ်။ ဒီနှစ် ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှာ အမေရိကန် နာမည်ကျော် စုံစမ်းစစ်ဆေးရေး သတင်းထောက် Hirsh က Nord Stream ဖြစ်ရပ်ရဲ့ အသေးစိတ် အချက်အလက်တွေကို ဖော်ပြပြီး အဲဒါဟာ အိမ်ဖြူတော်က အမိန့်ချကာ  CIAက လက်တွေ့ကျကျ ဖေါ်ဆောင်ခဲ့တဲ့ လျှို့ဝှက် ဆောင်ရွက်မှု ဖြစ်တယ်လို့ တိုက်ရိုက် ထောက်ပြခဲ့တယ်။ အဲဒီသတင်းအချက်အလက်များ ပေါက်ကြား ခဲ့ပြီးနောက် Nord Stream ဖြစ်ရပ်မှန်ကို ပကတိကျကျ စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ မိသားစုကြီးက ပန်ကြားခဲ့ကြပါတယ်။

Nord Stream ပိုက်လိုင်းဟာ အရေးကြီးတဲ့ နိုင်ငံဖြတ်ကျော် အခြေခံ အဆောက်အအုံနဲ့ စွမ်းအင် ပို့ဆောင်ရေး သွေးကြောကြီး ဖြစ်ပြီး Nord Stream ပိုက်လိုင်း ဖျက်ဆီးမှု ခံရခြင်းဟာ ကမ္ဘာတစ်ဝှမ်း စွမ်းအင်ဈေးကွက်နဲ့ ဂေဟစနစ် အပေါ် ပြင်းထန်တဲ့ ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေခဲ့တယ်။ နိုင်ငံတကာ မိသားစုကြီးက ဖြစ်ရပ်မှန်ကို သိရှိခွင့် ရှိပြီး ဖြစ်ကတတ်ဆန်းနဲ့ အပြီးသတ်လိုက်လို့တော့ မရပါဘူး။

ဒီ့ထက်ပိုအရေးကြီးတာကတော့ စုံလင် တိကျတဲ့ အထောက်အထား အချက်အလက်များနဲ့ တစ်နေ့တခြား တိုးလာနေတဲ့ လူအများရဲ့ မယုံသင်္ကာမှုတွေကို ရင်ဆိုင်လျက် Nord Stream ဖြစ်ရပ်ကို ပကတိကျကျ တရားမျှတစွာ စုံစမ်းစစ်ဆေးဖို့ဟာ နိုင်ငံတကာ တရားမျှတမှုကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်ခြင်း အကြောင်းကိစ္စတစ်ရပ်လည်း ဖြစ်တယ်လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖော် ပြထားပါတယ်။