Chinasat အမှတ် ၂၆ ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2023-02-24 15:43:34  

ဖေဖော်ဝါရီလ ၂၃ရက်နေ့ ည ၇နာရီ ၄၉ မိနစ်တွင် တရုတ်နိုင်ငံသည် စီချမ်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် Long March 3B သယ်ဆောင်ရေးဒုံးပျံဖြင့် Chinasat အမှတ် ၂၆ ဂြိုဟ်တုကို လွှတ်တင်ပြီး ယင်းဂြိုဟ်တုသည် သတ်မှတ်ထားသော ကမ္ဘာပတ် လမ်းကြောင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်၍ ယခုအကြိမ် လွှတ်တင်ရေး တာဝန် အောင်မြင်ခဲ့ပါသည်။

Long March 3B သယ်ဆောင်ဒုံးပျံသည် ဒုံးပျံတစ်စင်းတည်းဖြင့် ဂြိုဟ်တုများစွာကို လွှတ်တင်နိုင် သို့မဟုတ် ဂြိုဟ်တုကို အခြားကမ္ဘာပတ်လမ်းကြောင်းသို့  လွှတ်တင်နိုင်ပါသည်။