ထိုင်းအစိုးရသည် ပလတ်စတစ်အမှိုက်တင်သွင်းမှုကို ၂၀၂၅ ခုနှစ်မှစ၍ လုံးဝပိတ်ပင်ရန် ဆုံးဖြတ်

(GMT+08:00)2023-02-23 13:08:13  

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံအစိုးရအဖွဲ့မှ ပလတ်စတစ်အမှိုက် အားလုံး၏ တင်သွင်းမှုကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် ပလတ်စတစ် အမှိုက် တင်သွင်းမှုကို ယခုနှစ်နှင့် လာမည့်နှစ်များတွင် ကန့်သတ် မည်ဖြစ်သည်။ အခွန် ကင်းလွတ်ဇုန်၌ တည်ရှိသော ပြန်လည်အသုံးပြုသည့် အမှိုက်သိုလှောင်ရုံ ၁၄ ရုံသည် ယခုနှစ်အတွင်း တင်သွင်းသော အမှိုက်ပမာဏမှာ ၎င်းတို့၏ စုစုပေါင်း ထုတ်လုပ်မှုစွမ်းရည် ၃၇၂၉၉၄ တန်ထက် မကျော်ရပေ။ ၂၀၂၄ခုနှစ်တွင် အဆိုပါစက်ရုံများအနေနဲ့  တင်သွင်းသော ပလတ်စတစ်အမှိုက်ပမာဏသည်  ၄င်းတို့၏ ထုတ်လုပ်မှုစွမ်းရည်၏ ထက်ဝက်သို့ လျှော့ချရမည်ဖြစ်သည်။