ရွှေ့ပြောင်းနေထိုင်သူ လူဦးရေ ၄၀ အီတလီကမ်းရိုးတန်းတွင် ကယ်ဆယ်မှုခံရ

(GMT+08:00)2023-02-23 13:47:27  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် အီတလီနိုင်ငံရှိ အမျိုးသမီးတစ်ဦးသည် အသက်စွန့်ကာ သတ္တုလှေဖြင့် မြေထဲပင်လယ်ကိုဖြတ်ကူးပြီးနောက် ပထမဆုံးအကြိမ် မိသားစုနှင့် ဖုန်းဆက်ရာ  ငိုကြွေးခဲ့ကြောင်း China Media Groupမှ သတင်း အရသိရပါသည်

 ထိုနေ့ နံနက် ၇ နာရခွဲတွင် Lampedusa ကျွန်းနှင့် ၄၄မိုင် ကွာဝေးသော နေရာတွင် အန္တရာယ်ရှိသည့် သတ္တုလှေတစ်စင်းပေါ်မှ ဆာဟာရ တောင်ပိုင်းဒေသမှ ရွှေ့ပြောင်း နေထိုင်သူ လူဦးရေ ၄၀ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊  လှေ ပေါ်တွင် အရွယ် မရောက်သူ ကလေး၂၀ ဦးရှိကြောင်း China Media Groupမှ သတင်းအရသိရပါသည်။