လက်နက် ခဲယမ်းမီးကျောက် ထုတ်လုပ်မှုကို တိုးမြှင့်မည်ဟု ပြင်သစ်နှင့်ဗြိတိန် ဆို

(GMT+08:00)2023-02-23 13:33:03  

ဖေဖော်ဝါရီလ ၂၂ရက်နေ့က ပြင်သစ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး Lecornuက ပြင်သစ်နိုင်ငံသည် နိုင်ငံတော်ကာကွယ်ရေးအင်အားကို အားကောင်းစေရန်အတွက် ခဲယမ်းထုတ်လုပ်မှုကို များစွာတိုးမြှင့်မည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ယူကရိန်းအား လက်နက်ပို့ဆောင်မှုကို တိုးမြှုင့် မည်ဖြစ်ကြောင်း၊ ပြင်သစ်နိုင်ငံသည် ၂၀၂၄ခုနှစ် နှင့် ၂၀၃၀ပြည့်နှစ်ကြားတွင် ယူရိုငွေ ဘီလီယံများစွာကို ရင်းနှီးပြီး လက်နက်နှင့်ခဲယမ်း သိုလှောင်မှုကို တိုးမြှင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုနေ့တွင်ပင် ဗြိတိန်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး Ben Wallace ကလည်း ယူကရိန်းအား လက်နက်ထောက်ပံ့ပေးခြင်းကြောင့် လက်နက်ဂိုဒေါင် လစ်လပ်မှုကို ဖြည့်ဆည်းပေးနိုင်ရန် ဗြိတိန်သည် ၎င်း၏လက်နက်ထုတ်လုပ်ရေးလိုင်းကို စတင် “နွေးထွေး”ပြီးဟု ပြောကြားခဲ့ပါသည်။