တရုတ်-ရုရှား-တောင်အာဖရိက ပင်လယ်ပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆက်လက်ပြုလုပ်

(GMT+08:00)2023-02-23 11:36:48  

        ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ တရုတ်၊ ရုရှားနှင့် တောင်အာဖရိက သုံးနိုင်ငံမှ ရေတပ်များသည် တောင်အာဖရိကနိုင်ငံ ဒူဘန်မှ ရစ်ချတ် ပင်လယ်ကွေ့ အရှေ့ဘက် လေပိုင်နက် အထိ ဒုတိယအကြိမ် ပင်လယ်ပြင် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ပြုလုပ်ကြသည်။ တရုတ်ပြည်ဘက်က အေဒင်ပင်လယ်ကွေ့တွင် ၄၂ သုတ်မြောက် အစောင့်အကြပ် တာဝန် ထမ်းဆောင်သည့် Huainan ၊ Rizhao နှင့် Kekexili သင်္ဘောများ ယင်း စစ်ရေးလေ့ကျင်မှုတွင် ပါဝင်ရန် စေလွှတ်ခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် BRICS နိုင်ငံများအကြား ကာကွယ်ရေးနှင့် လုံခြုံရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို မြှင့်တင်ရန်နှင့် ပါဝင်သည့် ဘက်အသီးသီးတို့၏ ရေကြောင်းလုံခြုံမှု ပူးတွဲ ကာကွယ်ပေးနိုင်စွမ်း မြင့်တက်စေရန် အထောက်အကူ ပြုမည်ဖြစ်ကြောင်း တရုတ် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။