အမေရိကန် စသည့်နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းစစ်မြေပြင်သို့ လက်နက်များကို ပို့ဆောင်ပေးသည့် အကြီးဆုံးသောအရင်းအမြစ် ဖြစ်

(GMT+08:00)2023-02-23 13:14:56  

ဖေဖော်ဝါရီလ ၂၂ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က အမေရိကန် နိုင်ငံစသည့်နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းစစ်မြေပြင်သို့ လက်နက်များကို ပို့ဆောင်ပေးသည့် အကြီးဆုံးသောအရင်းအမြစ် ဖြစ်ကြောင်း၊ လက်ရှိအချိန် တွင်မူ တရုတ်နိုင်ငံမှ ရုရှားနိုင်ငံအား လက်နက်များကို ထောက်ပံ့ပေးနိုင် ဟူသော သတင်းအတုကို ဖြန့်နေကြောင်း၊ ယူကရိန်းအကျပ်အတည်း အစကတည်းက သက်ဆိုင်ရာပရိယာယ်လှည့်ကွက်များကို အသုံးပြုကာ ဖွင့်ချခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။။

ဝမ်ဝင်ပင် က ယူကရိန်းပြဿနာနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဘက်တွင် တစ်စိုက်မတ်မတ်ရပ်တည်နေပြီး သမ္မတ ရှီကျင့်ဖိန် ၏ အဆိုပြုချက်များကို အမြဲတမ်းကိုင်စွဲထားကာ တရားမျှတသော ရပ်တည်ချက်ဖြင့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ရန် တွန်းအားပေးနေပါကြောင်း ပြောကြားခဲ့ပါသည်။