ဂျပန်နိုင်ငံတွင် ပထမဆုံး လူလိုက်ပါစီးနင်း ပျံသန်းနိုင်သောကားကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့

(GMT+08:00)2023-02-23 13:21:47  

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဂျပန်နိုင်ငံKasaokaမြို့ မီဇူစီမာခရိုင် ကူရာစီကီမြို့ လေကြောင်း အာကာသလုပ်ငန်းအုပ်စု MASC သည် ပထမဆုံး လူလိုက်ပါစီးနင်း ပျံသန်းနိုင်သည့်ကား စမ်းသပ်မှုကို ပြုလုပ်ခဲ့ကြောင်း၊ MASC မှ တီထွင်ထုတ်လုပ်ထားသည့် အဆိုပါကားပျံသည် ခရီးသည် ၂ ဦးကို သယ်ဆောင်နိုင်ပြီး ၄င်းသည်ဂျပန်နိုင်ငံလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသော လူလိုက်ပါနိုင်သည့် ကားပျံ ပထမဆုံးအကြိမ် အောင်မြင်သော ပြင်ပပျံသန်းမှု၏အမှတ်အသားဖြစ်ကြောင်း သိရပါသည်။