ရုရှား-ယူကရိန်းအငြင်းပွားမှုသည် နိုင်ငံတကာ အိုလံပစ်ကော်မတီကို စမ်းသပ်နေ

(GMT+08:00)2023-02-23 13:14:20  

၂၀၂၃ခုနှစ် ဇန်နဝါရီလ လလယ်မှ ယခုအထိ ရုရှားနှင့် ဘီလာရုစ်အားကစား သမားများအား တစ်ဦးချင်းအနေဖြင့် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် ခွင့်ပြုရေးနှင့် ပတ်သက်ပြီး ကမ္ဘာ့အိုလံပစ်ကော်မတီ၊ အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံအချို့တွင် ကြိမ်ဖန်များစွာ ငြင်းခုန်ခဲ့ကြပါသည်။

ကမ္ဘာ့အိုလံပစ်ကော်မတီမှ ရုရှားနှင့် ဘီလာရုစ်အားကစားသမားများ တစ်ဦးချင်းအနေဖြင့် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ဖွယ်ရာရှိခြင်းနှင့် ပတ်သက်ပြီး ယူကရိန်းနှင့် အနောက်တိုင်းမှ နိုင်ငံရေးသမားများသည် ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြပါသည်။ ယူကရိန်းနိုင်ငံသမ္မတ ဇလျန်းစကီး က နိုင်ငံတကာအိုလံပစ်ကော်မတီ၏ သဘောထားကို စိုးရိမ်မကင်းဖြစ်မိကြောင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် ရေးသားဖော်ပြခဲ့ပါသည်။ ယူကရိန်းအားကစားဝန်ကြီးဌာန ဝန်ကြီး၊ နိုင်ငံတော်အိုလံပစ်အားကစားကော်မတီ ဥက္ကဋ္ဌ Guzayt က ရုရှားနှင့် ဘီလာရုစ်အားကစားသမားများအား အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် ခွင့်ပြုလျှင် ယူကရိန်းနိုင်ငံ သည် ၂၀၂၄ခုနှစ် ပါရီအိုလံပစ်အားကစားပြိုင်ပွဲကို သပိတ်မှောက်နိုင်ဖွယ်ရာ ရှိကြောင်း သတိပေးပြောကြားခဲ့ပါသည်။

အကဲခတ်များက ရုရှားနှင့် ဘီလာရုစ်အားကစားသမားများသည် အာရှနိုင်ငံတွင် ဥရောပတိုက်နှင့် အမေရိကန်နိုင်ငံလောက်  သပိတ်မှောက်မှု ပြင်းပြင်းထန်ထန် ခံရခြင်းမဟုတ်သဖြင့် ရုရှားအစိုးရသည် ကမ္ဘာ့အိုလံပစ် ကော်မတီ၊ အာရှ အိုလံပစ်ကောင်စီနှင့် ညှိနှိုင်းပြီး အာရှအားကစားပြိုင်ပွဲတွင် ရုရှား အားကစား သမားများ ပါဝင်ယှဉ်ပြိုင်ရန် အစီအစဉ်ကို အကောင်အထည်ဖော်နိုင် ဖွယ်ရာ ရှိကြောင်း၊ အနောက်တိုင်းနိုင်ငံများမှ ကြီးမားသော နိုင်ငံရေးဖိအားပေးမှု ပြုလုပ် သော်လည်း ရုရှားနိုင်ငံသည် အညံ့ခံမည်မဟုတ်သော အခြေအနေမျိုးတွင် ရုရှား အားကစားသမားများသည် ၂၀၂၄ခုနှစ် ပါရီအိုလံပစ်အားကစားပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ရှေ့အလားအလာသည် အကောင်းဘက်မှ မြင်ရမည်မဟုတ်ကြောင်း ပြော ကြားခဲ့ကြပါသည်။