ငလျင်ကြောင့် ဆိုးရွားစွာ ပျက်စီခဲ့သည့် နေအိမ်အတွင်း ကော်ဖီသောက်နေသည့် ဆီးရီးယား ပြည်သူ

(GMT+08:00)2023-02-23 11:36:02  

   ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဆီးရီးယားနိုင်ငံ Aleppoရှိ Al-Masharqa အနီးတဝိုက်တွင် Ali al-Bash နှင့် ၎င်း၏ မိခင် Amina Raslan တို့သည် ရစ်ခ်ျတာစကေး ၇.၈ အဆင့်ရှိသော ငလျင်ကြောင့် ပျက်စီးသွားသော အဆောက်အဦတွင် ကော်ဖီသောက် နေကြသည်။ တစ်ချိန်က Aleppo မြို့သည် စီးပွားရေး အချက်အချာကျသောမြို့ဖြစ်ခဲ့ပြီး ဆယ်နှစ်ကျော်ကြာ စစ်ပွဲဒဏ် ခံရကာ ဖေဖော်ဝါရီလ လဆန်းပိုင်းက တူရကီနှင့် ဆီးရီးယားတွင် ရစ်ခ်ျတာစကေး ၇.၈ အဆင့်ရှိသော ငလျင်လျှပ်ခတ်ခဲ့ခြင်းကြောင့် လူ ၄.၅ သောင်း သေဆုံးပြီး လူနေရပ်ကွက်တစ်ခုလုံး ပျက်စီးသွားခဲ့သည်။