ဘိုလီးဗီးယားနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ အတည်ပြုသူဦးရေ ၈၉၀၀ ကျော်ရှိ

(GMT+08:00)2023-02-23 13:46:53  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဘိုလီးဗီးယား ကျန်းမာရေး ဝန်ကြီး ဌာနမှ  ထုတ်ပြန်ချက်အရ ထိုနေ့အထိ နိုင်ငံအတွင်း သွေးလွန်တုပ်ကွေးရောဂါ အတည်ပြုသူ ၈၉၀၉ ဦးရှိပြီး ယင်းအနက် သေဆုံးသူ ၂၉ ဦး ရှိကာ အဆိုပါ သေဆုံးသူ များ၏ ၆၀ ရာခိုင်နှုန်းသည် အရွယ်မရောက်သူများဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဘိုလီးဗီးယား အလယ်ပိုင်း Santa Cruz ပြည်နယ်တွင် သွေးလွန်တုန်ကွေးရောဂါအခြေအနေသည် အပြင်းထန်ဆုံးဖြစ်ပြီး ကူးစက်ခံရသူဦးရေစုစုပေါင်း ၈၈၀၀ ကျော်နှင့် သေဆုံးသူ ၂၅ ဦး ရှိကြောင်း၊ ဘိုလီးဗီးယားပြည်တွင်းမီဒီယာများက ယင်းသည် ဘိုလီးဗီးယားနိုင်ငံတွင် လွန်ခဲ့ သည့် ဆယ်နှစ်အတွင်း အဆိုးရွားဆုံး သွေးလွန်တုပ်ကွေးဖြစ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။