မြန်မာနိုင်ငံအနောက်မြောက်တိုင်းစစ်ဌာနချုပ်သည် မြို့နယ် ၃ ခုအပေါ် စစ်အုပ်ချုပ်မှု ကျင့်သုံးမည်ဟုကြေညာ

(GMT+08:00)2023-02-23 13:07:27  

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံ အနောက်မြောက်တိုင်း စစ်ဌာနချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ရွှေဘိုမြို့နယ်၊ ဝက်လက် မြို့နယ်နှင့် အရာတော်မြို့နယ် ၃ ခု၌ စစ်အုပ်ချုပ်မှုကို ကျင့်သုံးမည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်နယ်၎ခုနှင့် တိုင်း ၄ ခုရှိ မြို့နယ် ၃၇ ခုအပေါ်  စစ်အုပ်ချုပ်မှုကျင့်သုံးရန် ထုတ်ပြန်ကြေညာခဲ့သည်။ ယခုလအတွင်း မြန်မာနိုင်ငံရှိ စစ်အုပ်ချုပ်မှု ကျင့်သုံးသည့်မြို့နယ်ပေါင်း ၄၀ ရှိ ပြီး ဖြစ်ကြောင်း သိရှိရသည်။