အမေရိကန်တွင် ဝင်ငွေနည်းသော မိသားစုများသည် နေထိုင်မှု အခက်အခဲများနှင့် ကြုံတွေ့

(GMT+08:00)2023-02-23 12:59:18  

 အမေရိကန်တွင် အစားအစာ ဈေးနှုန်းများ အပါအဝင် ငွေကြေး ဖောင်းပွမှု ဆက်တိုက် တိုးမြင့်လာပြီး တစ်ချိန်တည်းတွင် ကပ်ရောဂါ အချိန်ကာလအတွင်း သတ်မှတ်ထားသည့် ထောက်ပံ့ကြေး အစီအစဉ်တွေလည်း အချိန်ကုန်တော့မည် ဖြစ်သဖြင့် အရပ်သူအရပ်သားများ အထူးသဖြင့် ဝင်ငွေနည်းသော မိသားစုများသည် နေထိုင်မှု အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

အမေရိကန် မီဒီယာမှ သတင်းဖော်ပြချက်အရ ယခုနှစ် ဇန်နဝါရီလအတွင်း အမေရိကန်နိုင်ငံတွင် အစားအစာဈေနှုန်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကထက် ၀.၇ ရာခိုင်နှုန်း တိုးလာပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလရဲ့ ၀.၂ ရာခိုင်နှုန်းထက် များစွာ ပိုမြင့်ကြောင်း သိရပါသည်။