အစ္စရေးတပ်ဖွဲ့များသည် နာဗလပ်စ်တွင် ပါလက်စတိုင်းလူမျိုး ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနဆို

(GMT+08:00)2023-02-23 13:20:58  

ဖေဖော်ဝါရီလ၂၂ရက်နေ့က ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ နာဗလပ်စ် ဒေသတွင် ပါလက်စတိုင်းမှ လူ ၁၀ ဦးသည် အစ္စရေး စစ်ယာဉ်များသို့ ကျောက်ခဲများဖြင့် ပစ်ခဲ့ကြသည်။ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနသည် ဗုဒ္ဓဟူးနေ့က တိုက်ပွဲတွင် ပါလက်စတိုင်းပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၀၂ ဦး ဒဏ်ရာရခဲ့ကာ ၎င်းတို့အနက် ၈၂ ဦးမှာ သေနတ်ပစ်ခတ်မှုခံခဲ့ရပြီး ၆ ဦး ပြင်းထန်စွာ ဒဏ်ရာရှိကြောင်းကြေညာခဲ့သည်။