တရုတ်နိုင်ငံသည် အခြေခံ သုတေသန လုပ်ငန်းနယ်ပယ်များတွင် ဆောင်ရွက်ချက်သစ်ကို ပြုလုပ်မည်

(GMT+08:00)2023-02-23 13:00:04  

 ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်များသည် အခြေခံ သုတေသန လုပ်ငန်းကို တိုးမြှင့်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ယင်းအကြောင်းကိစ္စနှင့် စပ်လျဉ်း၍ လေးနက် စွာ ရှင်းလင်းပြောကြားခဲ့ ပါ သည်။

   အခြေခံ သုတေသန ပြုလုပ်ရေးနှင့် ပတ်သက်ပြီး သမ္မတ ရှီကျင့်ဖိန်က အခြေခံအုတ် မြစ်ခိုင်ခံ့အောင် ဆောက်လုပ်မှသာ သိပံ္ပနည်းပညာလုပ်ငန်း ဖြစ်သည့် တိုက်ကြီးကို မြင့်အောင် ဆောက်လုပ်နိုင်မည်ဟု ဥပမာတင်ပြီး ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် နိုင်ငံတကာ သိပ္ပံနည်းပညာ လုပ်ငန်းနယ်ပယ်များတွင် တံခါးဖွင့်ရေး၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားသစ်လောင်းပေးပြီး ပိုမို များပြားသော မူရင်း ဆန်းသစ်တီထွင်မှုနှင့် သော့ချက်ကျသော နည်းပညာ များဖြင့် လူသား ယဉ်ကျေးမှု တိုးတက်ရေးအတွက် ပိုမိုကြီးမား ဆန်းသစ်သော အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောကြားပါသည်။