ပင်လယ်ကူးတံတားပေါ်က"ပင့်ကူလူသားများ"

(GMT+08:00)2023-02-22 11:57:35  

တရုတ်နိုင်ငံဟိုပေပြည်နယ် ထန်ဆန်းမြို့တွင် တည်ရှိသော Caofeidian စူပါတံတားကြီးသည် စုစုပေါင်းအရှည် ၇၄၇၇.၄၆မီတာ ရှိပြီး Datong-Qinhuangdao မီးရထားလမ်းမှ Caofeidianဆိပ်ကမ်းကို ဆက်သွယ်ထားသော ပင်လယ်ကူးတံတားကြီး တစ်ခု ဖြစ်ပါသည်။ နေ့စဉ် ကျောက်မီးသွေးတန်ချိန် ၆ သိန်းခန့်ကို ဤနေရာမှတစ်ဆင့် သင်္ဘောပေါ်တင်ပြီး ဒေသအနှံ့သို့ တင်ပို့လျက်ရှိသည်။

ဤပင်လယ်ကူးတံတားကြီးတစ်ခုလုံးတွင် အပေါက် ၂၄၂ ပေါက်ရှိပြီး တံတားအတက်အဆင်းနေရာ ၄ ခုသာရှိသည်။ ပင်လယ်လေနှင့် ပင်လယ်ရေတို့၏ နှစ်ရှည်လများ တိုက်စားမှုကြောင့် Qinhuangdao အနောက်အင်ဂျင်နီယာဌာန မှ ဝန်ထမ်းများသည် တံတားအားစစ်ဆေးထိန်းသိမ်းရန်အတွက် သံခမောက်ဆောင်းပြီး ကြိုးဆွဲကာ တံတားဆိပ်ခံများကြားတွင် သွားလာအလုပ်လုပ်ရပါသည်။ တစ်နေ့တာအလုပ်လုပ်ပြီးနောက် လူတစ်ဦးစီသည် ခြေလှမ်း ၁၀၀၀၀ ကျော် လျှောက်ကြရပြီး ၎င်းတို့ကိုပင်လယ်ကူးတံတားပေါ်က "ပင့်ကူလူသားများ" ဟုခေါ်ကြသည်။