ဂျပန်နေပန်ဒါဝက်ဝံXiang Xiangသည် ချန်တူးမြို့သို့ ရောက်ရှိ

(GMT+08:00)2023-02-22 11:54:33  

၂၁ ရက်နေ့ မွန်းလွဲ ၅ နာရီ ၁၅ မိနစ်ကဂျပန်နိုင်ငံတိုကျိုမြို့ရှိဝူအဲနိုးတိရစ္ဆာန်ဥယျာဉ်မှ ပြန်လာသောပန်ဒါဝက်ဝံXiang Xiangသည်တရုတ်နိုင်ငံချန်တူးမြို့ ရွှမ်းလျူ နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာကြောင်းတရုတ် ပန်ဒါဝက်ဝံကာကွယ်ရေးနှင့် သုတေသနပြုရေးစင်တာမှ သတင်းအရသိရပါသည်။ Xiang Xiang၏ တရုတ်ပြန် ခရီးစဉ်တွင် ဝိုင်းပိတ်(closed-loop) စီမံခန့်ခွဲမှု ပြုပြီး ပန်ဒါဝက်ဝံစင်တာယာအန်းစခန်းတွင် ၁ လကြာ သီးခြားနေထိုင်ပြီးနောက် ပရိသတ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းပန်ဒါဝက်ဝံစင်တာမှ သတင်းအရသိရပါသည်။