အသက် ၈၉ နှစ်အရွယ်ပညာရှင်က မတ်တပ်ရပ်ပြီး ဘွဲ့လွန်သင်တန်းသားတွေကို စာသင်ပေးနေ

(GMT+08:00)2023-02-22 14:22:21  

၂၀ ရက်နေ့က Dalian University of Technology မှာ ကျောင်းစတက်တဲ့ ပထမဆုံးနေ့မှာတော့ အသက် ၈၉ နှစ်အရွယ် ပညာရှင် ကျုံးဝမ့်ရှယ်(Zhong Wanxie) ဟာ ယာဉ်အင်ဂျင်နီယာနဲ့ မက္ကင်းနစ်ဌာနမှ ဘွဲ့လွန်သင်တန်းသားတွေကို စာတင်ပို့ချဖို့ စာသင်ခန်းထဲကို ဝင်လာခဲ့တယ်။ ပထမတော့ သူက အတန်းထဲမှာ မတ်တပ်ရပ်ပြီး စာသင်ပေးတယ်။ နောက်ပိုင်းမှာတော့ လူတိုင်းက သူ့ရဲ့ကျန်းမာရေးအခြေအနေကို စိတ်ပူပြီး ထိုင်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။