ဟောင်ကောင်ရှေးဟောင်းနန်းတော်ပြတိုက်တွင် ပထမဆုံး အထူးပြပွဲကို ကျင်းပ

(GMT+08:00)2023-02-22 14:23:14  

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဟောင်ကောင်ရှေးဟောင်းနန်းတော်ပြတိုက်တွင် ပထမဆုံး အထူးပြပွဲကို ကျင်းပခဲ့ပြီး နှစ်ပေါင်း ၃၀၀၀ကျော် သမိုင်းကြောင်းတွင် တရုတ် ရှေးဟောင်း ရွှေထည်ပစ္စည်း ၂၂၀စုံ ကို ပြသထားကာ အချို့မှာ ရှေးဘုရင်မင်းမြတ်များ၏ လှပသော ရွှေအဆင်တန်ဆာများပါဝင်သည်။ ပြပွဲတွင် ရှေးခေတ်မှ တရုတ်ပြည်၏ ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများနှင့် ဆင့်ကဲပြောင်းလဲတိုးတက်မှုကို ပြသထားပြီး တရုတ် အမျိုးသား၏ တစ်ပြေးညီဖြစ်ခြင်းနှင့် တစ်မျိုးတည်းမက ရှိနေမှု အယူအဆ အပေါ် ပရိသတ်များ၏ သိရှိနားလည်မှုကို နက်ရှိုင်းစေသည်။