ယူကရိန်းအကျပ်အတည်း အပေါ် အနောက်တိုင်းနိုင်ငံများ လုံးဝ တာဝန်ယူရမည်ဟု ပူတင်ဆို

(GMT+08:00)2023-02-22 14:21:09  

မော်စကိုစံတော်ချိန် ၂၁ရက်နေ့ ၁၂နာရီဝန်းကျင်က ရုရှားပြည်ထောင်စုညီလာခံထံသို့ နိုင်ငံတော်အခြေအနေအစီရင်ခံစာကို တင်သွင်းရာတွင် ရုရှားနိုင်ငံသမ္မတပူတင်က ယူကရိန်းအကျပ်အတည်း အပေါ် အနောက်တိုင်းနိုင်ငံများ အနေနှင့် လုံးဝ တာဝန်ယူရမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

ပူတင်က ၂၀၀၁ခုနှစ်မှစ၍ တစ်ကမ္ဘာလုံး၌ အမေရိကန်နိုင်ငံမှ လှုံ့ဆော်ခဲ့သော စစ်ပွဲနှင့်အချင်းပွားမှုများကြောင့် လူ ၉သိန်းခန့်သေဆုံးပြီး ၃၈သန်းကျော် ဒုက္ခသည် ဖြစ်သွားခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် အမေရိကန်မှလွဲ၍ တစ်ကမ္ဘာလုံး၌ စစ်ရေး အခြေစိုက်စခန်းများအပျံ့အနှံ့ရှိပြီး တစ်ကမ္ဘာလုံးမဟာဗျူဟာညီမျှမှုကို ချိုးဖေါက်သောနိုင်ငံ တစ်နိုင်ငံမှ မရှိကြောင်း ပြောကြားခဲ့ပါသည်။