ချင်ရှီဟွမ် ဘုရင်၏ ဂူသင်္ချိုင်းထဲမှ စစ်သည်နှင့်မြင်းရုပ်တုများအမှတ် ၁ မြေချိုင့်နေရာ နှင့် ချင်းဖိန်ပေါင် ရှေးဟောင်းအဆောက်အဦအကြွင်းအကျန်တို့တွင် အရေးကြီးသည့်အောင်မြင်မှုရလဒ်ရရှိ

(GMT+08:00)2023-02-22 14:19:54  

မကြာခင်က တရုတ်နိုင်ငံ ရှန်ရှီး ပြည်နယ် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများ ဦးစီးဌာနသည် ချင်ရှီဟွမ် ဘုရင်၏ ဂူသင်္ချိုင်းထဲမှ စစ်သည်နှင့်မြင်းရုပ်တုများအမှတ် ၁မြေချိုင့်နေရာ နှင့် ချင်းဖိန်ပေါင် ရှေးဟောင်းအဆောက်အဦအကြွင်းအကျန် စသည့်နေရာများမှ ရရှိသော အရေးကြီးသည့် ရှေးဟောင်း သုတေသန အောင်မြင်မှု ရလဒ်များကို ကြေညာခဲ့ပါသည်။

စစ်သည်နှင့်မြင်းရုပ်တုများ အမှတ် ၁ မြေချိုင့်နေရာသည် အကျယ်အဝန်း ၁၄၂၆၀ စတုရန်းမီတာ ရှိပါသည်။ ၂၀၀၉ ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ ချင်ရှီဟွမ် ဘုရင်၏ ဂူသင်္ချိုင်း ပြတိုက်သည် ယင်းအမှတ် ၁ မြေချိုင့်နေရာကို ၃ ကြိမ် တူးဖော်ခဲ့ပြီး တူးဖော်မှု ဧရိယာ ၄၃၀ စတုရန်းမီတာခန့် ရှိကာ မြေထည်ရုပ်တုပေါင်း ၂၂၀ကျော်ရရှိပြီး မြင်းလှည်းများ၊ လက်နက်များ၊ ထုတ်လုပ်ရေးကိရိယာများ စုစုပေါင်း ၁ ထောင်ကျော်ကိုရရှိခဲ့ပါသည်။