ရုရှားသည် မဟာဗျူဟာမြောက်လက်နက်များလျှော့ချရေးသဘောတူစာချုပ်သစ်တွင် ပါဝင်မှုကိုယာယီရပ်စဲမည်ဟုပူတင်ဆို

(GMT+08:00)2023-02-22 11:55:27  

ဒေသစံတော်ချိန် ၂၁ ရက်နေ့က ရုရှားသမ္မတပူတင်က နိုင်ငံတော်အခြေအနေ အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာတွင် ရုရှားနိုင်ငံသည် မဟာဗျူဟာမြောက် လက်နက်များ လျှော့ချရေး သဘောတူစာချုပ်သစ်တွင် ပါဝင်မှုကိုယာယီရပ်စဲမည်ဖြစ်ကြောင်းကြေညာခဲ့သည်။

အမေရိကန်နိုင်ငံက နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်လျှင် ရုရှားနိုင်ငံသည်လည်းအလားတူနျူကလီးယားစမ်းသပ်မှုကို ပြုလုပ်မည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည် နျူကလီးယားစမ်းသပ်မှုကို အရင် ပြုလုပ်မည် မဟုတ်ကြောင်း ပူတင်ကပြောကြားသည်။