ယခုနှစ်တွင် တရုတ်နိုင်ငံသည် သက်ကြီးရွယ်အိုများ အဆင်ပြေစွာနေနိုင်သော လူနေရပ်ကွက် ၁ ထောင်ကျော်ကို တည်ဆောက်မည်

(GMT+08:00)2023-02-22 14:18:40  

တရုတ် နိုင်ငံတော် ကျန်းမာရေး ကော်မရှင်နှင့် ပြည်လုံးဆိုင်ရာ သက်ကြီးရွယ်အိုရေးရာရုံးသည် "၂၀၂၃ ခုနှစ် ပြည်လုံးဆိုင်ရာ သက်ကြီးရွယ်အိုများ အဆင်ပြေစွာနေနိုင်သော လူနေရပ်ကွက်များ တည်ဆောက်ရေးလုပ်ငန်း အကြောင်းကြားလွှာ"ကို မကြာသေးမီက ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအကြောင်းကြားလွှာတွင် ဒေသအသီးသီးတို့သည် သက်ကြီးရွယ်အိုများ၏ နေထိုင်မှုပတ်ဝန်းကျင်ကို မြှင့်တင်ရေး၊ သက်ကြီးရွယ်အိုများ၏ နေ့စဉ်သွားလာမှု အဆင်ပြေ ချောမွေ့စေရေးနှင့် သက်ကြီးရွယ်အိုများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များ တိုးမြှင့်ရေး စသည့် ကဏ္ဍ ၆ခုအပေါ် အဓိက ဆောင်ရွက်မည်ဖြစ်ပြီး ပြည်လုံးဆိုင်ရာ သက်ကြီးရွယ်အိုများ အဆင်ပြေစွာနေနိုင်သော လူနေရပ်ကွက်များကိုတည်ဆောက်မည်ဖြစ်ကြောင်းဖော်ပြခဲ့ပါသည်။ ၁၄ ခုမြောက် ၅နှစ် စီမံကိန်းကာလအတွင်း တရုတ်ပြည်တစ်ပြည်လုံးတွင် သက်ကြီးရွယ်အိုများ အဆင်ပြေစွာနေနိုင်သော လူနေရပ်ကွက် ၅ ထောင်ကိုတည်ဆောက်ပြီးစီးမည်ဖြစ်ပါသည်။