တရုတ် ကွန်မြူနစ်ပါတီ ၂၀ကြိမ်မြောက် ဗဟိုကော်မတီ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပတော့မည်

(GMT+08:00)2023-02-22 11:52:51  

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ယခုလ ၂၁ရက်နေ့တွင် အစည်းအဝေး ကျင်းပပြီး ယခုလ ၂၆ရက်နေ့မှ ၂၈ရက်နေ့အထိ ပေကျင်းတွင် တရုတ် ကွန်မြူနစ်ပါတီ ၂၀ကြိမ်မြောက် ဗဟိုကော်မတီ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

၎င်းအစည်းအဝေးတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီထံသို့ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့မှ တင်သွင်းသော လုပ်ငန်း အစီရင်ခံစာကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

ထို့အပြင်၊ အစည်းအဝေးတွင် “ပါတီနှင့် နိုင်ငံတော် လုပ်ငန်းဌာနများ၏ ပြုပြင်ပြောင်းလဲမှု နည်းလမ်း”ကို ဆွေးနွေးပြီး ယခုအကြိမ် အစည်းအဝေးတွင် ရရှိသော သက်ဆိုင်ရာ ထင်မြင်ယူဆချက်များ အတိုင်း ၄င်းနည်းလမ်းကို ၂၀ကြိမ်မြောက် ဗဟိုကော်မတီ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးထံသို့ စိစစ်ရန် တင်သွင်းမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။