ယူကရိန်းရရှိခဲ့သော ဘဏ္ဍာရေး ထောက်ပံ့မှုသည် အနောက်နိုင်ငံများ ကတိပြုထားသည့် တစ်ဝက်တောင် မရှိဟု ဗြိတိန် မီဒီယာဆို

(GMT+08:00)2023-02-22 11:53:33  

   ဂျာမဏီ နိုင်ငံ Kiel ကမ္ဘာ့ စီးပွားရေး သုတေသန ဌာနမှ အကဲဖြတ် သုံးသပ်ချက် အရ ယူကရိန်း ရရှိခဲ့သော ဘဏ္ဍာရေး ထောက်ပံ့မှုသည် အနောက်နိုင်ငံများ ကတိပြုထားသည့် တစ်ဝက်တောင် မရှိကြောင်း သိရသည်ဟု ဒေသ စံတော်ချိန် ယခုလ ၂၀ရက်နေ့က ဗြိတိန် Financial Timesက ဖော်ပြခဲ့ပါသည်။

    ယမန်နှစ် ဒီဇင်ဘာလ မတိုင်မီတွင် ယူကရိန်းသည် အနောက်နိုင်ငံများ ကတိပြုထားသည့် ဘဏ္ဍာရေး ထောက်ပံ့မှု ယူရိုငွေ ၆၄ဘီလီယံ အနက် ၃၁ဘီလီယံကိုသာ ရရှိခဲ့ကြောင်း သိရပါသည်။