ဆီးရီးယားမြေငလျင်တွင် မိခင်၏ချက်ကြိုးနှင့်ချိတ်ထားသောကလေးငယ်သည် ဆေးရုံဆင်းလာပြီ

(GMT+08:00)2023-02-22 11:56:36  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကဆီးရီးယားနိုင်ငံအလက်ပိုပြည်နယ် Jinderis မြို့၌ အပျက်အစီးများအတွင်းကယ်ဆယ်ခံရသည့် မိခင်၏ချက်ကြိုးနှင့် ချိတ်ဆက်ထားသောကလေးမလေးAfraaသည် ဆေးရုံ ဆင်းပြီး အဒေါ်မိသားစုနှင့်အတူအိမ်သစ်သို့ ရောက်ခဲ့သည်။ အစောပိုင်းတုန်းကAfraaသည်အပျက်အစီးများကနေကယ်ဆယ်ခံရချိန်တွင်သူ့အမေနှင့်ချက်ကြိုးကိုချိတ်ထားဆဲဖြစ်ပြီး သူ့အမေကမူငလျင်ကြောင့် သေဆုံးသွားခဲ့ရှာသည်။