ကန်နိုင်ငံ ဝါရှင်တန်၌ စစ်ပွဲဆန့်ကျင်ရေးပုဂ္ဂိုလ်တစ်ထောင်ကျော်တို့သည် စုစည်းဆန္ဒပြ

(GMT+08:00)2023-02-21 15:55:22  

ဖေဖော်ဝါရီလ ၁၉ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်၌ စစ်ပွဲဆန့်ကျင်ရေး ပုဂ္ဂိုလ် တစ်ထောင်ကျော်တို့သည် ဝါရှင်တန်မြို့တော်ရှိ Lincoln Memorialခန်းမရှေ့တွင် စုစည်းဆန္ဒပြပွဲကျင်းပခဲ့ကြပါသည်။ ယင်းသည် အီရတ်စစ်ပွဲပြီးနောက် အမေရိကန်နိုင်ငံ၌ အကြီးဆုံး စစ်ပွဲဆန့်ကျင်မှုဖြစ်ကြောင်း၊ ဆန္ဒပြသူများသည် အမေရိကန်အနေနှင့် ရုရှား-ယူကရိန်းအချင်းပွားမှု သွေးထိုးလှုံ့ဆော်မှုကို ရပ်စဲပြီး နှစ်ဖက်ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှု ကို တွန်းအားပေးကာ နေတိုးအဖွဲ့ကို တန်းဖြုတ်၍ အမေရိကန်စစ်ရေးစရိတ်ကို လျှော့ချရန် တောင်းဆိုကြကြောင်း ပြောကြားခဲ့ကြပါသည်။