အမေရိကန်ပုံစံ ဗိုလ်ကျစိုးမိုးရေးရဲ့ “မျက်နှာ ငါးချပ်”

(GMT+08:00)2023-02-21 15:54:29  

 ဒေသစံတော်ချိန် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က အမေရိကန်မှာ စစ်ပွဲ ဆန့်ကျင်ရေး ပုဂ္ဂိုလ်များက ဝါရှင်တန်မှာ လှည့်လည် ဆန္ဒပြပွဲကြီးကို ကျင်းပခဲ့တယ်။ သူတို့က အမေရိကန် အနေနဲ့ ယူကရိန်းအား စစ်ရေး ထောက်ပံ့မှုကို ရပ်တန့်ဖို့ တောင်းဆိုပြီး နေတိုးအဖွဲ့ကို ဖျက်သိမ်းဖို့လည်း ပန်ကြားခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ရက် မှာ အမေရိကန် သမ္မတ ဘိုင်ဒန်က ယူကရိန်းကို ရုတ်တရက် သွားရောက် ခရီးလှည့်လည်ပြီး ယူကရိန်းအား စစ်လက်နက်များ အပါအဝင် ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိတဲ့ ထောက်ပံ့ကူညီမှုကို ထပ်မံ ပံ့ပိုးပေးမယ်လို့ ကြေညာခဲ့တယ်။ အဲဒါဟာ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ရုရှားနဲ့ ယူကရိန်း ပဋိပက္ခ အဆက်မပြတ် ပြင်းထန်ဆိုးဝါးလာခြင်းရဲ့ နောက်ကွယ်မှာ တွန်းအားပေးသူဟာ မျက်မှောက် ကမ္ဘာမှာ အကြီးဆုံးသော ဗိုလ်ကျစိုးမိုးရေးနိုင်ငံ - အမေရိကန်နိုင်ငံပဲ ဖြစ်တယ် ဆိုတာကို ပြသထားပါတယ်။

   ဒီလ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံက “အမေရိကန်၏ ဗိုလ်ကျစိုးမိုးအနိုင်ကျင့်မှုများနှင့် ၄င်း၏ ဘေးအန္တရာယ်” ခေါင်းစဉ်နဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ သိပံ္ပနည်းပညာ၊ ယဉ်ကျေးမှု အပါအဝင် ဘက်ငါးဘက်ကနေ ဖြစ်ရပ်မှန် အများအပြားနဲ့ အမေရိကန်ပုံစံ ဗိုလ်ကျစိုးမိုးရေးရဲ့ “မျက်နှာ ငါးချပ်”ကို ထောက်ပြထားပါတယ်။ အစီရင်ခံစာ ထဲမှာ “အမေရိကန်သာ ပထမ” ဖြစ်တဲ့ အယူအဆနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဗိုလ်ကျလွှမ်းမိုးမှု အရမ်းကာရော ပြုလုပ်တဲ့ အမေရိကန်ရဲ့ ဆိုးသွမ်းတဲ့ လုပ်ရပ်များရဲ့ အရင်းအမြစ်ကို ဖေါ်ထုတ်ထားပါတယ်။

   အမေရိကန်က ကမ္ဘာကြီးမှာ ကယ်တင်ရှင်အဖြစ် ဘယ်လိုပဲ ဟန်ဆောင် ဟန်ဆောင် လက်တွေ့ကျတော့ ဗိုလ်ကျစိုးမိုးမှုကိုပဲ လုပ်ဆောင်နေတယ်။ ဗိုလ်ကျစိုးမိုးရေး အတွက် အမေရိကန်က အခြားနိုင်ငံများရဲ့ လုံခြုံရေးကို လျစ်လျူရှုပြီး အခြားနိုင်ငံများရဲ့ ဖွံ့ဖြိုးမှုကို ဟန့်တားကာ အခြားနိုင်ငံများရဲ့ သုခချမ်းသာမှုတွေကို ထိပါးနေခဲ့တယ်။ အဲဒီလို ကိုယ်ကျိုးစီးပွားအတွက် သူတစ်ပါးနိုင်ငံများရဲ့ အကျိုးစီးပွားကို ထိခိုက် နစ်နာဆုံးရှုံးစေတဲ့ လုပ်ဆောင်ချက်များဟာ နိုင်ငံတကာ မိသားစုကြီးရဲ့ တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာတဲ့ ပြစ်တင် ကန့်ကွက်မှုကို ခံနေရတယ်လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။