ကန်မှ ယူကရိန်းအား ကန်ဒေါ်လာ သန်း၅၀၀ တန်ဖိုးရှိသော ကူညီထောက်ပံ့မှုကို ပေးအပ်မည်

(GMT+08:00)2023-02-21 15:54:58  

အမေရိကန် သမ္မတ ဘိုင်ဒင်သည် ယခုလ ၂၀ရက်နေ့က Kyivမြို့တွင် ယူကရိန်း သမ္မတ Volodymyr Zelenskyyနှင့် တွေ့ဆုံနှုတ်ဆက်ရာတွင် အမေရိကန်သည် ယူကရိန်းအား ကန်ဒေါ်လာ သန်း၅၀၀ တန်ဖိုးရှိသော ကူညီထောက်ပံ့မှုကို ပေးအပ်မည် ဖြစ်ပြီး ၂၁ရက်နေ့တွင် တရားဝင် ထုတ်ပြန်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းကူညီထောက်ပံ့မှုများတွင် HIMARS ဒုံးကျည်၊ တင့်ကားဖျက် စနစ်နှင့် ရေဒါ စသည်များ ပါဝင်ကြောင်း ၂၀ရက်နေ့က ရိုက်တာ သတင်းဌာနမှ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ ITAR-TASS သတင်းဌာနက ဖော်ပြပါသည်။