တူရကီတွင် ပြင်းအား ၆.၃ အဆင့်ရှိငလျင်ထပ်မံလှုပ်ခတ်ခဲ့ရာဗဟိုချက်မအနက် ၁၀ ကီလိုမီတာရှိ

(GMT+08:00)2023-02-21 15:57:00  

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ၁ နာရီ ၄ မိနစ်တွင် တူရကီနိုင်ငံ(မြောက်လတ္တီကျု ၃၆.၁၀ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၃၆. ၀၅ ဒီဂရီ)၌ ရစ်ခ်ျတာစကေး ၆.၃အဆင့်ရှိ ငလျင် ထပ်မံ လှုပ်ခတ်ခဲ့ပြီး ဗဟိုချက်မ အနက် ၁၀ ကီလိုမီတာရှိကြောင်း တရုတ်မြေငလျင်ကွန်ရက်မှ တရားဝင် အတည်ပြုခဲ့ပါသည်။

ငလျင်ဗဟိုချက်မမှ ကီလိုမီတာ ၃၀၀ အတွင်းတွင် မြို့ ၃၆ မြို့ရှိပြီး အနီးဆုံးမြို့သည် ငလျင်ဗဟိုချက်မမှ ၁၆ ကီလိုမီတာ ကွာသည့်Hatay ပြည်နယ် Antakya မြို့ဖြစ်ပါသည်။ Antakya မြို့ သည် တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့ကတူရကီသို့ သွားရောက်ပြီးငလျင် ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ဖူးသည့် မြို့လည်းဖြစ်ပါသည်။