အိုဟိုင်းယိုးပြည်နယ်တွင် ဓာတုပစ္စည်းပါရထား လမ်းချော်မှုကြောင့် ပတ်ဝန်းကျင် ဘေးဒုက္ခ ဖြစ်ပေါ်စေခဲ့

(GMT+08:00)2023-02-21 15:57:33  

ဖေဖော်ဝါရီလ လဆန်းတွင် အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် အရှေ့ပါလက်စတိုင်းမြို့တွင် ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ရာ အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများ ယိုစိမ့်ပြီး ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပါသည်။ ၎င်း မတော် တဆဖြစ်မှုသည် ဆယ်ရက်ကျော် ရှိလာပြီဖြစ် သော်လည်း ဆိုးကျိုးတွေရဲ့ သက်ရောက်မှုကတော့ ဆက်တိုက်တိုးများနေဆဲဖြစ်ပါသည်။ ဓာတုယိုစိမ့်မှုဖြစ်ပွား ကတည်းက ၄င်းဒေသ၏ မြစ်များတွင် ငါးအများအပြား သေဆုံးခဲ့ပြီး လူအများအပြား ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း စသည့်ရောဂါလက္ခဏာများဖြစ်စေခဲ့ပါသည်။