နိုင်ငံ၏ ပထမအဆင့် ထိန်းသိမ်းကာကွယ်ပေးသည့် တိရစ္ဆာန် ဒုံးစပ်ဖြူ(Ciconia boyciana) လျှပ်စစ် တာဝါတွင် ပိတ်မိ၊ ဘက်ပေါင်းစုံမှ ပူးပေါင်းကယ်ဆယ်

(GMT+08:00)2023-02-20 16:31:34  

ယခုလ ၁၇ရက်နေ့က တရုတ်ပြည် ကျန်းစူးပြည်နယ် ယန်ချိန်မြို့ ပျန့်ချမ်းမြို့နယ်တွင် ဒုံးစပ်ဖြူ(Ciconia boyciana)တစ်ကောင် မီတာ ၅၀ကျော် မြင့်မားသည့် လျှပ်စစ် တာဝါ၏ ထိပ်စွန်းတွင် ပိတ်မိပြီး အခြေအနေ ဆိုးရွားနေသည်ကို ရွာသားများက တွေ့မြင့်ခဲ့ရပါသည်။ ရဲဌာန၊ လျှပ်စစ်ဌာနနှင့် ကယ်ဆယ်ရေး ဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး ၄င်းဒုံးစပ်ဖြူကို ကယ်ဆယ်ကုသပေးခဲ့ကာ ၄င်း၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်လာမည့် နောက်ပိုင်းတွင် ပြန်လွှတ်မည် ဖြစ်ပါသည်။ ဒုံးစပ်ဖြူ(Ciconia boyciana)သည် တရုတ် နိုင်ငံ၏ ပထမအဆင့် ထိန်းသိမ်းကာကွယ်ပေးသည့် တိရစ္ဆာန် ဖြစ်ပြီး ကမ္ဘာ့ သဘာဝ ထိန်းသိမ်းကာကွယ်ရေး သမဂ္ဂ၏ မျိုးပြုန်းမည့် အန္တရာယ်ရှိနေသည့် မျိုးစိတ်များစာရင်းထဲတွင် ထည့်သွင်းခံထားရသည့် မျိုးစိတ် ဖြစ်ပါသည်။