"Belt and Road" ဆောင်ပုဒ်ဖြစ်သည့် တရုတ် ရုပ်ရှင်ပွဲတော်ကို စတင်ကျင်းပ

(GMT+08:00)2023-02-20 13:55:09  

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် China Media Group သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးတွဲကျင်းပသည့် "Belt and Road" ဆောင်ပုဒ်ဖြစ်သည့် တရုတ်ရုပ်ရှင်ပွဲတော်ကို အွန်လိုင်း အသွင်ပုံစံဖြင့် တရားဝင်စတင်ခဲ့ပါသည်။

၂၀၂၃ခုနှစ်သည် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က "Belt and Road" အဆိုပြုချက်ကို တင်ပြခြင်း ၁၀နှစ်ပြည့်ဖြစ်ပြီး ယခုအကြိမ် တရုတ်ရုပ်ရှင်ပွဲတော်တွင် "Belt and Road" အကြောင်းကို အဓိက ဖော်ပြခြင်းဖြစ်ပါသည်။ China Media Group သည် အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ အာရဗီနှင့် ရုရှားဘာသာတို့ဖြင့် မှတ်တမ်းရုပ်ရှင် ၆၀ ကျော်ကို ကမ္ဘာတစ်ဝှမ်းရှိ မီဒီယာများနှင့် နိုင်ငံရပ်ခြားရှိ တရုတ်ယဉ်ကျေးမှု စင်တာများမှတစ်ဆင့် နိုင်ငံအသီးသီးမှ ပရိသတ်များကို ပြသပေးပြီး ပရိသတ်များအတွက် "Belt and Road" ပါဝင်သည့်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ချစ်ခင်ရင်းနှီးသောဆက်ဆံရေးဆိုင်ရာ ဇာတ်လမ်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးမည်ဖြစ်ပါသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဟူဟိုဖိန်နှင့် China Media Groupဥက္ကဋ္ဌ၊ အယ်ဒီတာချုပ် စန့်ဟိုင်ရှုံတို့ အသီးသီး မိန့်ခွန်းပြောကြားခဲ့ပြီးယခုအကြိမ်ရုပ်ရှင်ပွဲတော်ကိုအတူဖွင့်လှစ်ပေးကြပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်း၊ 

ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဟူဟိုဖိန်

China Media Groupဥက္ကဋ္ဌ၊ အယ်ဒီတာချုပ် စန့်ဟိုင်ရှုံ