ရှန်ဟိုင်းရှိ ဘွားဘွားကြီးတစ်ဦး ပျောက်ဆုံးသွားသည့် ငွေသား ၂သိန်းကို အမှိုက် ၁၅ တန်ခန့်ရှိသည့် အမှိုက်ပုံမှ  ရဲများ ရှာဖွေတွေ့ရှိ

(GMT+08:00)2023-02-20 16:19:19  

မကြာသေးမီက ရှန်ဟိုင်းမြို့ ဖုန့်ရှယ်မြို့နယ်ရှိ အသက် ၇၆ နှစ်အရွယ် ဘွားဘွားကြီးတစ်ဦးသည် ဟင်းသီးဟင်းရွက်ဝယ်ရန် အပြင်ထွက်စဉ် ငွေသား ယွမ် ၂သိန်း ပါသည့် ပလတ်စတစ်အိတ်ကို မတော်တဆ ဆုံးရှုံးသွားခဲ့သည်။ ဒေသခံရဲများက စောင့်ကြည့်ကင်မရာကို အချိန်မီကြည့်ရှုပြီး ၎င်းကို သန့်ရှင်းရေးသမားတစ်ဦးက ကောက်ယူခဲ့သည်ဟု တွေ့ရသည်။ သန့်ရှင်းရေးသမားသည် ၎င်းကို အမှိုက်ဟု အထင်မှားကာ အမှိုက်ပုံးတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရဲများနှင့် သန့်ရှင်းရေးလုပ်သားများက ၆ နာရီနီးပါး  လူစုခွဲပြီး ရှာဖွေရာ  နောက်ဆုံးတွင် အမှိုက် ၁၅ တန်ခန့်ရှိသည့် အမှိုက်ပုံမှ ဘွားဘွားကြီးပျောက်ဆုံးသွားသော ငွေသားယွမ် ၂ သိန်း ထည့်ထားသည့် အပြာရောင်ပလပ်စတစ်အိတ်ကို ရှာဖွေတွေ့ရှိခဲ့သည်။